ကဲ
ပြောကြည့်လိုက်
ခင်ဗျားကရော
အချိန်တန်ရင်
အိမ်ပြန်ရမှာပဲ
မဟုတ်ဘူးလား
ဒါနဲ့များဗျာ
ဒီကမ္ဘာမှာ
မပျက်မချင်း
နေရမယ့်အတိုင်း
ဟိုလူကျော်လိုက်
ဒီလူခွလိုက်
ဟိုဂွင် ရိတ်လိုက်
ဒီဂွင် ဖြတ်လိုက်နဲ့
ရေပွက်လောက်နေရမယ့်
အသက်ကလေးအတွင်း
ဘာမှလည်း သယ်သွားလို့မရတာ
သိသိကြီးနဲ့
ခင်ဗျားအစား
ပင်ပန်းလိုက်တာ
လူစိတ်လေးမွေး
လူလိုလေးများ
ခင်ဗျားနေရင်
ထမ်းထားရမယ့် ကမ္ဘာကြီး
သိပ်မလေးတော့ဘူးပေါ့ဗျာ။
ပြောကြည့်လိုက်
ခင်ဗျားကရော
အချိန်တန်ရင်
အိမ်ပြန်ရမှာပဲ
မဟုတ်ဘူးလား
ဒါနဲ့များဗျာ
ဒီကမ္ဘာမှာ
မပျက်မချင်း
နေရမယ့်အတိုင်း
ဟိုလူကျော်လိုက်
ဒီလူခွလိုက်
ဟိုဂွင် ရိတ်လိုက်
ဒီဂွင် ဖြတ်လိုက်နဲ့
ရေပွက်လောက်နေရမယ့်
အသက်ကလေးအတွင်း
ဘာမှလည်း သယ်သွားလို့မရတာ
သိသိကြီးနဲ့
ခင်ဗျားအစား
ပင်ပန်းလိုက်တာ
လူစိတ်လေးမွေး
လူလိုလေးများ
ခင်ဗျားနေရင်
ထမ်းထားရမယ့် ကမ္ဘာကြီး
သိပ်မလေးတော့ဘူးပေါ့ဗျာ။
မင်းအုပ်စိုး
No comments:
Post a Comment