အရင်တုန်းကတော့
တောင်ကုန်းမြင့်မြင့်တွေ
တောတန်းထူထူတွေ
လျှိုမြောင်စိမ့်စမ်းအထပ်ထပ်တွေနဲ့
ကြွချင်တိုင်းကြွ
စိမ်းချင်တိုင်းစိမ်းပြီး
ယိမ်းချင်သလို ယိမ်းခဲ့တာ ပေါ့
အခုကျတော့
နေဒဏ်လား
လေဒဏ်လား
မိုးဒဏ်လား
သဘာဝဒဏ်လား
ဒါမှမဟုတ်ရင်
အတင့်ရဲလွန်းလှတဲ့
လူလို့ခေါ်တဲ့ လူတွေကြောင့်လား
ကြွတဲ့တောင်တွေလည်း ပျောက်
စိမ်းတဲ့တောတွေလည်း ပြုန်း
စီးတဲ့စမ်းတွေလည်း ခမ်း
အရာရာတိုင်းဟာ ပြင်ညီဖြစ်လို့
သူတို့တွေပြောကြတာတော့
ကမ္ဘာပြားပြီတဲ့။
တောင်ကုန်းမြင့်မြင့်တွေ
တောတန်းထူထူတွေ
လျှိုမြောင်စိမ့်စမ်းအထပ်ထပ်တွေနဲ့
ကြွချင်တိုင်းကြွ
စိမ်းချင်တိုင်းစိမ်းပြီး
ယိမ်းချင်သလို ယိမ်းခဲ့တာ ပေါ့
အခုကျတော့
နေဒဏ်လား
လေဒဏ်လား
မိုးဒဏ်လား
သဘာဝဒဏ်လား
ဒါမှမဟုတ်ရင်
အတင့်ရဲလွန်းလှတဲ့
လူလို့ခေါ်တဲ့ လူတွေကြောင့်လား
ကြွတဲ့တောင်တွေလည်း ပျောက်
စိမ်းတဲ့တောတွေလည်း ပြုန်း
စီးတဲ့စမ်းတွေလည်း ခမ်း
အရာရာတိုင်းဟာ ပြင်ညီဖြစ်လို့
သူတို့တွေပြောကြတာတော့
ကမ္ဘာပြားပြီတဲ့။
မင်းအုပ်စိုး
No comments:
Post a Comment