ခိုးမစားဝှက်မစားခဲ့ပါပဲလျက် နဲ့
တတ်နိုင်သမျှ ရိုသား ခဲ့ပါလျက်နဲ့
တတ်နိုင်သမျှ ဖေးမခဲ့ပါလျက်နဲ့
တတ်နိုင်သမျှ ရုန်းကန်ခဲ့ပါလျက်နဲ့
တတ်နိုင်သမျှ စောင့်ထိန်းခဲ့ပါလျက်နဲ့
တတ်နိုင်သမျှ တတ်နိုင်တာထက်ပို ကြိုးစားခဲ့ပါလျက်နဲ့
ခဏခဏ အပြစ်ချ ခံရတယ်
ခဏခဏ ပစ်ချ ခံရတယ်.
ခဏခဏ သတ်ပုံမှားအသတ်ခံရတယ်..
ရပါတယ်
ကြာတော့လဲ ဝဋ်ကြွေးတွေကျေသွားပါလိမ့်မယ်.
ရပါတယ်..
ကြာ တော့လဲ နေသား ကျသွား ပါ လိမ့်မယ်.
ရပါတယ်
ကြာတော့ လဲ စေတနာ အကျိုးပေးပါလိမ့်မယ်.
ကြာတော့ လဲ စေတနာ အကျိုးပေးပါလိမ့်မယ်.
ရပါတယ်
ကြာ တော့ လဲ .
ကြာ တော့လဲ.
ဘယ်လောက်ထိ ကြာ မှန်း မသိ ပေမယ့် လေ
ကြာ တော့လဲ. ငါ ဒီထက်ခံနိုင်ရည်ရှိလာပါလိမ့်မယ် .။
Tay Za
No comments:
Post a Comment