Wednesday, September 3, 2014

ပြန်မစစ်မိတဲ့ တောင်သမန်သတ်ပုံ


ဒီနေ့….. ဒီခေတ်ကြီးတဲ့
မေတ္တာတရားရဲ့ စတော့ဈေးကွက်
လိုက်မမီအောင် တရိပ်ရိပ်တက်တယ်
ငါတို့က….. ကမ္ဘာကြီးတစ်ခုနဲ့
နတ်ဒိုးမတီးဘဲ ကခုန်ခဲ့တာပါ။
နေနဲ့ချက်ထားတဲ့ သဘာဝနို့စစ်စစ်သောက်ရင်း
သင်္ခါရတရားမှာ အလိုက်သင့်မျောရင်း
နေညိုချိန်ဟာ ချိုသလား ခါးသလား
ဘယ်သူမှအဖြေမထုတ်နိုင်ခဲ့ဘူး
ဒီလို ကရင်း….. ခုန်ရင်း
ပုစ္ဆာအသေတွေသိုလှောင်ထားတဲ့
ရင်ဘတ်အပေါက်တွေကြား
ငါတို့…… လက်ညှိုးထိုးအန်ထုတ်လိုက်လို့
ထွက်ကျသွားတဲ့အရာ…..

မောင်ခန့်မြေ (ထီလာ)

No comments:

Post a Comment