စုတ်ချက်ကြမ်းကြမ်းနဲ့ ပန်းချီကား
ရှုပ်ရှက်ခတ်နေတဲ့ လမ်းတွေကြားထဲမှာ
ဝမ်းတစ်ထွာ အရေးအတွက်
လှမ်းကာပြေးနေရတဲ့ ဘဝတွေ …….
မွန်းကျပ်လှတဲ့ ဘတ်စ်ကားထဲမှာ
တွန်းကန်ထွက်နေတဲ့ အတ္တတွေ
ဂျွမ်းပြန်နေတဲ့ မာနတွေ
ခွန်းမလှန်နိုင်တဲ့ ဘဝအခြေ
ဒီအဖြေ ဘယ်တော့ကောင်းမှာလဲ …….
မပြောင်းလဲနိုင်သေးတဲ့
အဟောင်းအမြင်း စုပုံကြားထဲမှာ
အတုအမြုံ သမားတွေ
ကောင်းစားနေကြတဲ့ ခေတ်ကိုတော့
အပြစ်လို့ ဆိုမယ်ဆို …….
တနေ့နှစ်ထောင်လောက်ငဖို့
နို့နှစ်ခွက်သောက်ပြီး
မီးပျက်နေတဲ့ မြေစိုက်တဲထက်မှာ
ဗိုက်လှန်ပြတတ်တဲ့ သူရဲကောင်းတွေကိုငေးကြည့်ရင်း
ထမင်းတနပ် လျော့စားရမယ့်သူတွေကို
ပါးရိုက်မခံရပါစေနဲ့လို့ ဆုတောင်းပေးပါရစေ
……..
ဘိုရဲ ( ၉၊၉၊၁၄ )
No comments:
Post a Comment