မြစ်ဆုံကို
ချစရုံနဲ့
မလုံလောက်တော့ဘူးဟေ့။
အမေ့ရင်အုံ
မီးပုံမှာကင်နေပြီ။
အမေ့နှလုံးသား
ဝါးမျိုးနေကြပြီ။
အမေ့သွေးသား
ဖောက်ကားရောင်းဝယ်နေကြပြီ။
အမေ့နို့ရည်ကြည်
ပြည်ပပို့မယ့် ထွက်ကုန်တဲ့။
အမေနဲ့
ဗေဒါ၊ အမေနဲ့ ၀မ်းစာ
အမေနဲ့
ရေဆန်၊ အမေနဲ့ လေထန်
အမေနဲ့
ကဗျာ၊ အမေနဲ့ အနုပညာ
အမေ့ရဲ့
ချစ်ခြင်းမေတ္တာ
မိရိုးဖလာ၊
ထုံးစဉ်လာလေ
အမေ့သမိုင်း၊
ရာဇ၀င်အရိုင်းမခံဘူး။
အမေ့ကို
သွေး တေး ဓား လှံ လေးမြားနဲ့
ရင်းနှီးရယူထားခဲ့တာ။
ကာကွယ်ကြ၊
ခုခံကြ ပေးဆပ်ကြ
အမေ့ကျေးဇူးဆပ်ဖူးကြ။
မဲခေါင်၊
ဗော်လဂါ၊ ဂင်္ဂါ၊ နိုင်း၊ ယန်စီ
နဒီမြစ်တွေ
တွေ့လေတိုင်း
အမေ့စစ်ကြောင်း
မြစ်ကြောင်းအတိုင်း
စစ်မောင်းသံချီ၊
နဒီလှိုင်းသစ်
ခေတ်ကို
မြစ်ကပြဋ္ဌာန်းမည်။
အမေ
ဧရာဝတီ
သွေးနှင်းဆီရဲ့
ညီညွတ်ရေး
ငြိမ်းချမ်းရေးကို
လရောင်ဖျန်း
ရာစုသက်တမ်း
ရှည်စေအံ့။
(
မောင်လွမ်းဏီ
No comments:
Post a Comment