ဆည်းလည်းလေးတွေ
ခေါင်းလောင်းလေးတွေ
ရတနာလေးတွေတဲ့
အခုတော့
ဆည်းလည်းလေးတွေလည်း
အသံတိတ်
ခေါင်းလောင်းလေးတွေလည်း
အသံမဲ့
ရတနာလို့ပြောပြီး
သူတို့တွေကပဲ
ပစ်ထားခဲ့ကြတော့
ဝင်လာကြတဲ့
ပန်းပွင့်ဖြူဖြူလေးတွေ
ဘယ်သူ့ရဲ့ဧည့်ခန်းမှာ
လန်းဆန်းခွင့်ရမှာပါလိမ့်။
မင်းအုပ်စိုး
No comments:
Post a Comment