အနာတကာ့ ထိပ်ခေါင် နာကျဉ်တာတောင်
အပြုံးတစ်ဝက် မျက်ရည်စက်နဲ့
သေမင်းကိုပင် အံတုရှောင်ပြီး
အမေသားထွေး ပုလုကွေးကို
လောကအလယ်ခေါ်ခဲ့တယ်။
သားရဲ့ချေးသေး အညစ်ကြေးတို့
အမေ့ဝမ်းထဲ ၀င်ခဲ့တယ်
ဒေါသကင်းကင်း ချစ်ခြင်းများနဲ့
ပညာတွေလဲ ပေးခဲ့တယ်
အမေ့အိမ်လေး ရောင်းချပေးပြီး
တင့်တင့်တယ်တယ် ကြင်ယာသည်နဲ့
လက်ထပ်ပွဲကို ဂုဏ်ရှိန်တိုးအောင် ဆောင်ခဲ့တယ်။
တန်ဘိုးကြီးမား ပစ္စည်းများနဲ့
လုပ်ငန်းတွေလဲ ပိုင်ခဲ့တယ်။
ဇနီးမယား မြေးသားစုံလင် ပျော်ရွှင်ချိန်မှာ
အမေကတော့ ခန်းကျဉ်းလေးထဲ ခေါ်သူမဲ့လို့
ရင်ထဲကြိတ်ကြိတ် ငိုခဲ့တယ်။
အမေအိုချိန် သားလေးအိမ်မှာ
အားလုံးမျက်နှာ ချိုကြည်သာမှ
ထမင်း၀၀ စားရဲတယ်။
သားမျက်နှာလေး ကြည့်ပြီးအေးမြ
အမေ့ဘ၀ ချမ်းမြပျော်ရွှင် ကြည်လင်ပါလဲ
နှလုံးရှိုက်သံ ညံခဲ့တယ်။ ။
ဂျူး
No comments:
Post a Comment